မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နှစ်ဆန်း (၁) ရက်နေ့ 🙏
Bago Secret Capes 1Night 2Days Trip.
❝မျှဝေဖေးကူ ရေဘေးအလှူ❞
❝မျှဝေဖေးကူ ရေဘေးအလှူ❞
UNIVERSE - Your Digital Partner မိသားစုမှ (၁၅.၉.၂၀၂၄) တနင်္ဂနွေနေ့တွင် ရေဘေးသင့် ပြည်သူများထံသို့ သွားရောက်၍ အလှူအတန်းများ ပြုလုပ်ခဲ့ကြပါသည်။
သွားရောက်လှူဒါန်းမှုများ ပြုလုပ်ခဲ့ကြသည့် ရေဘေးသင့်ဒေသအသီးသီးမှာ အိမ်ခြေ(၂၀၀)ဝန်းကျင် ရေမြုပ်သွားခဲ့သည့် ကျောက်ချပ်အုပ်စု၊ ဇေယျာသီရိမြို့နယ်၊ သာယာအေးရွာနှင့် ကျည်တောင်ကန်အမှတ်(၃)ရပ်ကွက်၊ မြို့မဘုန်းတော်ကြီးကျောင်းမှ ဆရာတော်ဦးမေဒါနန္ဒဦးဆောင်၍ မြို့မဘုန်းတော်ကြီးကျောင်း ကူညီကယ်ဆယ်ရေးစခန်းတွင်ရောက်ရှိနေသည့် ကုလားရွာ ( ကျား-၉၃၊ မ -၁၄၈၊ အိမ်ထောင်စု-၆၅)၊ အေးမြင့်သာယာ ( ကျား -၂၅၊ မ -၃၂၊ အိမ်ထောင်စု-၁၈)၊ သရက်သမိန် ( ကျား-၁၅၊ မ -၂၃၊ အိမ်ထောင်စု-၁၁)၊ သာယာကုန်း ( ကျား-၁၃၊ မ -၂၅၊ အိမ်ထောင်စု-၁၀)၊ ရွာတော်(ရွာသစ်) ( ကျား-၂ ၊ မ- ၅၊ အိမ်ထောင်စု-၁) အိမ်ထောင်စုစုစုပေါင်း ၁၀၅ ( ကျားစုစုပေါင်း - ၁၄၈၊ မစုစုပေါင်း -၂၂၈) ရှိ ရေဘေးသင့်ပြည်သူများထံသို့ နေ့လယ်စာအတွက် ထမင်းဗူးများ၊ အခြောက်အခြမ်းများဖြစ်သည့် ငါးပိထောင်းဗူးများ၊ ခေါက်ဆွဲခြောက်များ၊ ဆေးဝါးများ၊ ဓာတ်ဆားထုပ်များ၊ ရေသန့်ဗူးများ၊ မြိတ်မောင်တိတ်သဘာ၀ငှက်သိုက်ပုလင်းများ၊ ငါးသေတ္တာဗူးများ၊ အဝတ်အစားများ၊ ဖိနပ်များနှင့် လိုအပ်မည့်အသုံးအဆောင်ပစ္စည်းများ လှူဒါန်းခဲ့ကြပါသည်။
ယခုကဲ့သို့ လှူဒါန်းမှုများပြုလုပ်ရာတွင် အဖက်ဖက်မှ လူအားဖြင့်ဖြစ်စေ၊ ငွေအားဖြင့်ဖြစ်စေ ပါဝင်ကူညီပေးခဲ့ကြသည့် တစ်ဦးတစ်ယောက်ချင်းစီကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် UNIVERSE မှ မိတ်ဆွေများအားလုံးလည်း ဝမ်းမြောက်သာဓုခေါ်ဆိုနိုင်စေရန် အလှူအတန်းပုံရိပ်များ မျှဝေလိုက်ခြင်းဖြစ်ပါသည်။