Social Media Search Engine
Digital ခေတ်မှာ ဖြန့်ကျက်ချဲ့ထွင်နိုင်မယ့် စီးပွားရေးလမ်းကြောင်း နဲ့ ဆက်စပ်ပြီး အခြေခံကျတဲ့ အချက်တွေကို အရှေ့တစ်ပတ်တုန်းကတော့ ❝Social Media Search Engine❞ ပေါ်ကို တက်လှမ်းထားဖို့ အကြံပြုလို..... ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးထားခဲ့သလို ယခုတစ်ပတ်မှာလည်း ဆက်စပ်ပြီး အကြံပြုလိုက်ပါတယ်။
လက်ရှိခေတ်မှာ လူမှုကွန်ယက် မီဒီယာတွေကနေတစ်ဆင့် Marketing ပြုလုပ်ဖို့ အကိုက်ညီဆုံးအရာတွေ လို့ဆိုနိုင်မယ့် Facebook, LinkedIn, Instagram, Twitter နဲ့ Communication Channel တွေဖြစ်တဲ့ (Viber, Telegram, Messenger (Facebook) ဆိုပြီး ကွဲပြားတည်ရှိပါတယ်။
မိတ်ဆွေတို့ရဲ့ အောင်မြင်ဖွံ့ဖြိုးစေမယ့် စျေးကွက်၊ ယှဉ်ပြိုင်အားကောင်းကောင်းနဲ့ တစ်မူထူးခြားစွာနဲ့ ထိုးဖောက်နိုင်မယ့် နေရာကတော့ ပြည်တွင်း၊ ပြည်ပ သုံးစွဲသူအရေအတွက်များတဲ့ Facebook က နေရာယူထားဆဲပဲဖြစ်ပါတယ်။
ရောင်းအားတက်ဖို့အတွက်လို့ အဓိက ရည်ရွယ်ချက် ရှိနေကြသော်လည်း Product အတွက် Branding ကို အရင်ဦးစွာလုပ်ဆောင်ပေးဖို့ကလည်း အထူးလိုအပ်ပါသေးတယ်။ Social Media ပေါ်မှာ Product Brand Marketing လုပ်ဖို့အတွက် Facebook Business Page တစ်ခုကို Standard ပြည့်မှီစွာနဲ့ ဆောင်ရွက်ထားဖို့ကလည်း ကနဦးလိုအပ်ချက်ထဲမှာပါဝင်ပါတယ်။
Facebook Business Page တစ်ခုကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်နိုင်ဖို့အတွက်လည်း Youtube, Facebook ပေါ်မှာလည်း မျှဝေပေးထားတဲ့ Video တွေကို ရှာဖွေကြည့်ရှုနိုင်ပါတယ်။
ကိုယ်ပိုင် လုပ်ငန်းအတွက် Business Page တစ်ခုကို ဖန်တီးတည်ဆောက်တဲ့နေရာမှာလည်း စားသုံးသူတွေ၊ သုံးစွဲသူတွေရဲ့ ယုံကြည်မှုရရှိဖို့ တိကျမှန်ကန်တဲ့ အချက်အလက်တွေနဲ့အမြဲ တင်ပြပေးနိုင်ဖို့ကလည်း အရေးကြီးတဲ့ အချက်အလက်တစ်ခုပါပဲ။
ဒီတော့ မိတ်ဆွေတို့ လုပ်ငန်းတွေ ပိုမိုအောင်မြင်တိုးတက်ဖို့ကလည်း Facebook Page ကို စနစ်တကျလုပ်ဆောင်ရမယ့် အထဲပါဝင်လာစေတဲ့အချက်တွေကတော့ Page ကို သမားရိုးကျဖန်တီးလို့ လွယ်ကူတာမှန်ပေမယ့် Business Page တစ်ခုရဲ့ အတွင်းကျကျ လိုအပ်ချက်တွေကို သတိမမူမိရင်လည်း Business Page တစ်ခုက Professional ကျကျ ထွက်ပေါ်လာမှာမဟုတ်ပြန်ပါဘူး။
ဒါဆို Business Page တစ်ခုဖန်တီးပြီးနောက်မှာ ဘာတွေဆက်လုပ်ဖို့လိုလာပြန်ပြီလဲဆိုရင်တော့ မိမိရဲ့ ထုတ်ကုန် သို့ ဝန်ဆောင်မှုလုပ်ငန်းအကြောင်းအရာတွေကို လူမှုမီဒီယာသုံးစွဲသူတွေအမြဲမပြတ် ကြည့်ရှုနေနိုင်အောင်၊ New Feeds မှာ ပေါ်လာတိုင်း စွဲဆောင်မှုရှိတဲ့၊ မြင်ရုံနဲ့ ဆက်ပြီး ကြည့်ရှုချင်စိတ်၊ Page ထဲကို ဝင်ရောက်ကြည့်ရှုလိုစိတ်တွေဖြစ်လာအောင်လည်း ဖန်တီးထားဖို့ လိုပါသေးတယ်။
Business Page တစ်ခုကို ဖန်တီးထားပြီး အမြဲတင်ပြနေတဲ့အကြောင်းအရာတွေမှာ လူတွေရဲ့ အမြင်အာရုံကို မဖမ်းစားထားနိုင်တာမျိုးနဲ့ အသုံးဝင်ပုံကို ပြောပြထားခြင်းမရှိရင်လည်း လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင်မှာမဟုတ်ပါဘူး။
စိတ်ဝင်စားမှုနည်းလာသည့်တိုင် ရောင်းအားအခြေအနေကလည်း တိုးတက်လာနိုင်ဖွယ်မရှိလို့ သတိပြုထားသင့်တဲ့ Business Page တစ်ခုရဲ့ အခြေခံအချက်အလက်တွေကို ပြောပြပေးလိုက်ပါတယ်။
UNIVERSE-Your Digital Partner အနေနဲ့
Facebook Business Page တွေပေါ်မှာ
မိတ်ဆွေတို့ လုပ်ငန်းချဲ့ထွင် ဖြန့်ကျက်နိုင်ဖို့အပြင် အောင်မြင်စေဖို့ စနစ်တကျ မဟာဗျူဟာများစွာနဲ့ ဝန်ဆောင်မှုပေးနေတာဖြစ်လို့ သင့်ရဲ့ Digital Partner တစ်ယောက်ကဲ့သို့ လုပ်ငန်းအတွက် ပါဝင်ကူညီပေးသွားမှာလည်းဖြစ်ပါတယ်။